November 3, 2022November 6, 2022 ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်။ ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက် ရွက်ကျပင်ပေါက်အရွက်ကို ၊မီးကင်ပြီး ရောင်နေသောခြေဖမိုးပေါ် နှမ်းဆီပါးပါးသုတ်၍ အရွက်ခပ်နွေးနွေး အနေအထားမှာ ကပ်ပေးပါ။ပထမတစ်ရက်နှှင့်ပင်ပျောက်သလောက်ရှိ၍ငါးရက်ခန့်ကပ်ပေးပါက လုံးဝသက်သာပျောက်ကင်းပါသည်။ ရွက်ကျပင်ပေါက်၏ စွမ်းအင် – မြန်မာ့ဆေးကျမ်းများအလိုအရ ၎င်းဆေးပင်သည် အနာများကိုစင် ကြယ်အောင်သုတ်သင်တတ်၏။ အသားနုတက်စေတတ်၏။သွေးများကိုချုပ်စေ၏။ သွေးကြောငယ်များတွင် များစွာ အကျိုးပြု ၏။သွေးကြောငယ်များကို တွန့်ခြင်း၊ရှူံ့ခြင်းဖြစ်စေတတ်သဖြင့် အရေပြားမှ လည်းကောင်း၊ဝမ်းသွားရာမှ လည်းကောင်း၊မြင်းသရိုက်ရောဂါမှလည်းကောင်း၊နှာခေါင်း၊ပါးစပ်၊ခံတွင်းမှလည်း ကောင်း ယိုကျသောသွေးများကို လျှင်မြန်စွာ ချုပ်တည်းစေနိုင်၏။ ရွက်ကျပင်ပေါက်ဖြင့် ကုသနိုင်သောရောဂါများအနက် ယိုစီးကျသောသွေးများကိုရပ်တန့်စေရာတွင် နတ်ဆေးသဖွယ်စွမ်း၏။ ထိခိုက်ရှနာ၊နှင့်သွေးစိမ်းထွက်သောအနာများကို ရွက်ကျပင် ပေါက် မီးကင်၍ကပ်ပေးပါက၊ သွေးများရပ်စဲ၍အနာကျက်လွယ်၏။ထိခိုက်ရောင်ရမ်းသောဒဏ်ရာများကို မီးကင်၍ကပ်ပေးပါက ရောင်ရမ်းခြင်းကျဆင်း၌ ဒဏ်ရာများသက်သာပျောက် ကင်း ၏။မီးလောင်နာ၊ အဆစ်လွှဲ အကြောထုံးခြင်းများအတွက်၊ အရွက်ကြိတ်ရည် လိမ်းပေးပါက သက်သာပျောက်ကင်း၏။ သွေးကျ၍ ခြေဖမိုးရောင်သူများ၊ ဖောရောင်နေသောနေရာကို အရွက်မီးကင်၍ကပ်ပေးပါက အဖောအရောင်ကျ၏။ Credit-(မြန်မာ့ဆေးဖက်ဝင်အပင်များ) Health Health
Health လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ November 6, 2022November 6, 2022 အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း အရေပြားအောက်တွင်ရှိသော ကော်လာဂျင် (Collagen) တစ်သျှူးများကြောင့် အရေပြားတင်းရင်း လှပခြင်းကို ဖြစ်စေပါသည်။ အသက်ကြီးလာလျှင် အဆိုပါ ကော်လာဂျင်ပမာဏမှာ လျော့နည်းလာသည့် အတွက် ပါးရေတွန့်ခြင်း၊… Read More
Health ဒူလာရောဂါ၊ ပန်းသေ၊ ပန်းငြိုးနှင့် ခြေသလုံးကြွက်သားများ ကိုက်ခြင်းတို့အတွက် ဖလံတောင်ဝှေးဥအစွမ်း November 14, 2022November 14, 2022 ဖလံတောင်ဝှေးဥ အစွမ်းအမျိုးသားများအတွက် အထူးဆေးတစ်လက်။ တချို့အမျိုးသားများ ခံစားနေရတဲ့ ဒူလာရောဂါ၊ ခြေသလုံးကြွက်သားများ ကိုက်ခြင်း၊ ပန်းသေ၊ ပန်းငြိုး၊ အိမ်ထောင်ရေးသုခ မပြည့်စုံခြင်းတို့အတွက် အဟာရပုံစံဖြင့် စားသုံးပေးရုံဖြင့် အိမ်ထောင်ရေးသုခပြည့်စုံနိုင်ပါသည်။… Read More
Health အုန်းမှုတ်ခွက်နင်းခြင်းရဲ့အကျိုးကျေးဇူးများ November 15, 2022 သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်း။ သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့ သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊… Read More