November 6, 2022November 6, 2022 ရေစီးကမ်းပြိုအတွက်ဒန္တသုခပင် (သို့)အဆိပ်ဖြေပင် မန်းလေး တမာ ပြာပြုကာ သွားမှာသိပ်ကာထည့် ရေစီးကမ်းပြို ဒန္တစို ရှင်ပျို သုံးပါကွဲ့ ရေစီးကမ်းပြိုဖြစ်နေတဲ့ မိတ်ဆွေတစ်ဦးမေးထားလို့ တင်ပေးလိုက်ပါတယ်။ ဆေးလေးပင်(သို့)တောဓားပြပင် (သိူ့) ဆေးသကြားပင် (သို့) ဆေးလေးပင်(သိူ့) ဒန္တသုခပင် (သို့)အဆိပ်ဖြေပင် (သို့)မန်းလေးပင် စသည်ဖြင့်အမည်ပေါင်းများစွာရှိပြီး အပင်မှာတစ်မျိုးတည်းဖြစ်သော ဒန္တသုခပင်နှင့် တမာရွက်ကိုပြာပြုကာ သွားတွင်သိပ်ပါ။ မကြာချက်ချင်းသက်သာခြင်းသို့ရောက်ပါလိမ့်မည်ဟု မျှဝေပေးလိုက်ပါတယ်။ဒန္တသုခပင်ပုံသဏ္ဌာန်။ ။ တစ်နှစ်ခံ ပင်ပျော့ပင် မျိုးဖြစ်သည်။ အရွက်သည် ရွက်ဆိုင် ထွက်၍ သေးငယ်ပြီး လှံစွပ်ပုံ ထွက်သည်။ ရွက်ရင်း သည် အနည်းငယ် ချွန်သည်။ ရွက်နား ညီသည်။ အပွင့်သည် အစိမ်းရောင် သန်း၍ အဖြူရောင် ပွင့်ငယ် ကလေးများ ဖြစ်သည်။ အသီးသည် လှံရှည် ပုံဏ္ဌာန် ဖြစ်သည်။အပင်။ ။ တစ်နှစ်ခံ ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁-၃ ပေ ခန့် ထိရှိသည်။ ကိုင်းဖြာသည်။ ပင်စည်နှင့် အကိုင်း အခက် လေးထောင့် သဏ္ဌာန် ရှိ၍ သေးငယ်ပြီး အစိမ်း ရောင် ရှိသည်။ ပင်စည် အရင်းပိုင်း နားတွင် အပွေး အနည်းငယ် ရှိသည်။ ပင်စည် ပေါ်ရှိ အဆစ် ကလေး များမှ ကိုင်းဖြာ ထွက်သည်။ အရွက်။ ။ ၃ ရွက်ဆိုင် ထွက်သည်။ အလျား ၁ လက်မခန့် ထိရှည်၍ အရွက် အထက်ပိုင်း အနားတွင် ခွေးသွားစိပ် များရှိပြီး အရွက်အောက် ဘက်ပိုင်း အနား ညီသည်။ ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ကြောများ ထင်ရှားသည်။ ရွက်ပြား ချောသည်။အပွင့်။ ။ တေ့ဆိုင်ရွက် သုံးရွက်ထွက်သော အဆစ်တခုစီတိုင်းတွင် စိမ်းရောင်သမ်းသော နှမ်းစေ့အရွယ်အပွင့်ဖူး နှစ်ခုစီပါရှိသည်။ စိမ်းရောင် သမ်းသော အဖြူရောင်ရှိ၍ အလွန် သေးငယ်သည်။ အသီး။ ။ အက်ကွဲသီး ဖြစ်သည်။ အခန်း လေးခန်းပါ၍ အခန်းတစ်ခန်း စီ၌ သေးငယ်သော အညိုရောင် အစေ့ ကလေးများ မြောက်မြားစွာ ပါရှိသည်။အမြစ်။ ။ ရေသောက်မြစ် အနည်းငယ် တုတ်၍ ရှည်လျားပြီး ယင်းမှ ဘေးမြစ်များ ဖြာထွက်သည်။ ဘေးမြစ်များ တွင် သေးငယ်သော မြစ်မြွှာ ကလေးများ ရှိ၏။ အမြစ် အပေါ်ယံ နူးညံ့သော အခွံဖြင့် ဖုံးအုပ်နေ၍ အတွင်းသား မာကျောသည်။ ညိုဝါရောင် ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး၊ အရွက်၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။အသုံးဝင်ပုံအာနိသင်။ ။ မြန်မာ ဆေးကျမ်းများ အလိုအရ ဒန္တသုခ ပင်သည် ချုပ်၏၊ စေးချွဲ၏။ တုန်တက်တတ်သော အဖျား ရောဂါ အတွက် အသုံးပြု၏။ သွားကိုက် ရောဂါ ကုသရာ တွင် အထူး အကျိုးပြု၏။ အမြစ် သည် ရာသီသွေး လွန်ခြင်း၊ ညောင်းကျခြင်း တို့ကို နိုင်၏။ ဖြေဆေး အဖြစ်လည်း သုံးနိုင်၏။ အရွက် သည် အဖျားရောဂါ တို့ကို နိုင်၏။အသုံးပြုပုံ (ပဉ္စငါးပါး)၁။ ဒန္တ သုခ ပြုတ်ရည်နှင့် အမြစ်သည် သွားကိုက် ရောဂါ အတွက် အလွန်ကောင်း သောဆေး ဖြစ်၏။၂။ ပဉ္စ ငါးပါး ပြုတ်ရည်ကို ငုံပေးခြင်း ဖြင့် လည်းကောင်း ၊ အမြစ်ကို အစိမ်း လိုက် ကြိတ်၍ သိပ်ပေးခြင်း ဖြင့် လည်းကောင်း ၊ ပဉ္စ ငါးပါး ကို ပြာချ၍ သွားဖုံး နှင့် သွားကြား ကို သိပ်ပေး ခြင်းဖြင့် လည်းကောင်း သွားကိုက် သွားနာ ပျောက်၏။၃။ ပဉ္စ ငါးပါး ကြိတ်ရည် တွင် ဆားထည့် ၍ အနာ ပေါ်လိမ်း ပေးခြင်း ဖြင့်အနာ အသားနု တက်ပြီး ပျောက်ကင်း စေ၏။၄။ ဆီးပူ ခြင်း၊ နည်းခြင်း၊ သွေးပါ ခြင်းတို့ အတွက် ပဉ္စ ငါးပါး အခြောက် လှန်းပြီး လက်ဖက်ခြောက် ကဲ့သို့ ခပ်သောက် က ပျောက်၏။၅။ ပဉ္စ ငါးပါး ပြုတ်ရည် တွင် သကြား ထည့်သောက် က ချောင်းဆိုး သွေးပါ ရောဂါ ပျောက်၏၊အရွက်၁။ အရွက်ကို အဖျား ရောဂါ ပျောက်ဆေး ၊ အော့အန် သော ရောဂါ ပျောက်ဆေး၊ ဖြေဆေး အဖြစ် ဖော်စပ် အသုံးပြုရ၏။အမြစ်၁။ အမြစ် ကို ပြုတ်၍ ရာသီသွေး လွန်ခြင်း၊ ညောင်းကျ ခြင်းတို့ ၌ တိုက်ရ၏။၂။ အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ ဆားထည့် သောက်က အနာဝင် ဖျားခြင်း ပျောက်၏ ဟုဖော်ပြထားသည်။ သို့ရာတွင် သေချာပိုးသတ်သန့်စင်မထားသော အပင်အစိတ်အပိုင်းများကြောင့် မလိုအပ်သော ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်သောကြောင့် သေချာချင့်ချိန်၍ သုံးသင့်သည်။ Credit to: အိမ်တွင်းဆေးမြီးတိုများစုစည်းမှု Health Health
Health ဆီးချိုသမားအတွက်ဆေးနည်း November 11, 2022November 11, 2022 ဆီးချို “ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ”“၄၀၀/၄၇၀ထိတက်တယ်ဗျာ””ဒီလိုလုပ်ဗျာ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား”“ကြားဖူးတယ်..ဆေးဝိဇ္ဇာလို့နံမည်ကြီးတယ်”“ဟုတ်တယ်…သူကျွန်တော်ဦးလေးကိုဆီးချိုကု ပေးတဲ့ဆေးနည်းရှိတယ်။ကျွန်တော်ဦးလေးတကယ်ကို သက်သာ ပျောက်ကင်းခဲ့တယ်” ဆေးနည်း# မာလကာရွက် (၅)ရွက်# ကြက်သွန်ဖြူ (၁)ဥ# ကြက်သွန်နီ(၁) ဥ# သံပုရာ… Read More
Health လေးဘက်နာပျောက်တဲ့ ဖုန်းမသိမ်ပင် November 1, 2022November 6, 2022 လေးဘက်နာပျောက်တဲ့ ဖုန်းမသိမ်ပင် ပုံပါ ဖုန်းမသိမ်အပင်ရဲ့အရွက်ကို ပြုတ်ပြီး ရေချိုးသလို ချိုးပေးယုံပါဘဲ။ ထိုအရွက်ပြုတ်ရေနဲ့ချိုး လျှင် ဆပ်ပြာ လုံးဝ မ တိုက်ရပါ။ ချိုးနေရင်းနဲ့ မိနစ်အနည်းငယ်… Read More
Health လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ November 6, 2022November 6, 2022 အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း အရေပြားအောက်တွင်ရှိသော ကော်လာဂျင် (Collagen) တစ်သျှူးများကြောင့် အရေပြားတင်းရင်း လှပခြင်းကို ဖြစ်စေပါသည်။ အသက်ကြီးလာလျှင် အဆိုပါ ကော်လာဂျင်ပမာဏမှာ လျော့နည်းလာသည့် အတွက် ပါးရေတွန့်ခြင်း၊… Read More