Skip to content
Icon
ShalNews
Icon
ShalNews
November 6, 2022November 6, 2022

လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ

အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

အရေပြားအောက်တွင်ရှိသော ကော်လာဂျင် (Collagen) တစ်သျှူးများကြောင့် အရေပြားတင်းရင်း လှပခြင်းကို ဖြစ်စေပါသည်။ အသက်ကြီးလာလျှင် အဆိုပါ ကော်လာဂျင်ပမာဏမှာ လျော့နည်းလာသည့် အတွက် ပါးရေတွန့်ခြင်း၊ အရေပြား လျော့တွဲလာခြင်းတို့ ဖြစ်ရသည်။ အဆိုပါ ကော်လာဂျင်များ တည်ဆောက်နိုင်ရန်နှင့် မပျက်စီးဘဲ တာရှည်ထိန်းသိမ်းထားနိုင်ရန် ဗီတာမင် စီ လိုအပ်ပါသည်။ လိမ္မော်သီး အပါအဝင် အရည်ရွှမ်းသော သစ်သီးများတွင် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်သဖြင့် အဆိုပါ ကော်လာဂျင်များ အသစ်ဖြစ်ပေါ်ရန်အတွက် လည်းကောင်း၊ ရှိပြီးသား ကော်လာဂျင်များ မပျက်စီးအောင် ထိန်းသိမ်းရာ၌လည်းကောင်း များစွာ အထောက်အကူပြုပါသည်။ ထို့ကြောင့် အသက်ကြီးသူများ အနေနှင့် လိမ္မော်သီးကို နေ့စဉ်စားပေးခြင်းဖြင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း

လိမ္မော်သီးတွင် ဗီတာမင် စီ နှင့် အခြားသော အင်တီအောက်ဆီဒင့်များ ကြွယ်ဝစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်တွင်းရှိ ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများနှင့် ဖရီးရယ်ဒီကယ်များ (Free radicals) ကို ချေဖျက်ပေးနိုင်စွမ်းရှိ၍ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ အမေရိကန်နိုင်ငံ၌ ထုတ်ဝေသော ဆေးပညာ ဂျာနယ်တစ်ခု (American Journal of Epidemiology) ၏ လေ့လာချက်အရ အသက် ၂ နှစ်အောက် ကလေးများကို လိမ္မော်သီး ပုံမှန်ကျွေးပါက ကလေးများတွင် ဖြစ်ပွားလေ့ရှိသည့် သွေးကင်ဆာ (Childhood Leukemia) ကို ကာကွယ်ပေးနိုင်သည်ဟု ဆိုပါသည်။ ထို့အပြင် အခြား ကင်ဆာများဖြစ်သည့် အူမကြီးကင်ဆာ ကာကွယ်ရေးတွင်လည်း များစွာ အထောက်အကူပြုပါသည်။ မည်သည့် ကင်ဆာအမျိုးအစားတွင်မဆို လိမ္မော်သီး စားပေးပါက အကျိုးရှိပါသည်။

ဆီးချိုသွေးချို ဝေဒနာသည်များ လိမ္မော်သီး စားသင့်/မသင့်

ဆီးချိုသွေးချို ဝေဒနာရှင်များ အနေနှင့် လိမ္မော်သီးကို အသင့်အတင့် စားနိုင်ပါသည်။ စားသုံးရာတွင် အမှည့်လွန်ပြီး ချိုလွန်းသော လိမ္မော်သီးများကို ရှောင်ကြဉ် ၍ အချဉ်ဓာတ်ရှိပြီး မှည့်ခါစ လိမ္မော်သီးများကို ရွေးချယ် စားသောက်ရပါမည်။ မြန်မာနိုင်ငံတွင် ကလော၊ အောင်ပန်းဒေသမှ ထွက်သော လိမ္မော်သီးဆိုလျှင် အခွံအစိမ်းရောင် မပျောက်သေးခင် စတင်ဝါခါစတွင် စားလျှင် အကောင်းဆုံးဖြစ်သည်။ အဝါရောင် များလေလေ အချိုဓာတ် များလေလေဖြစ်သည်။ ဆီးချိုဝေဒနာသည်များ တစ်နေ့လျှင် လိမ္မော်သီးတစ်လုံး စားပေးခြင်းဖြင့် သွေးတွင်းရှိ ဂလူးကို့စ်ပမာဏကို ထိန်းသိမ်းရာ၌ အထောက်အကူပြုသည်။ ထို့ကြောင့် အခြားကာဘိုဟိုက်ဒြိတ် ကြွယ်ဝသော အစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ပေါင်မုန့်များစားမည့်အစား လိမ္မော်သီးစားခြင်းဖြင့် ဆီးချိုသွေးချို ရောဂါသည်များ အတွက် ပိုမိုအကျိုးရှိပါသည်။

Crd ဒေါက်တာခင်မောင်လွင် (FAME)

Health Health

Post navigation

Previous post
Next post

Related Posts

Health PhaneNaeSae

သွေးအားကောင်းစေပြီး သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တဲ့ ပိန္နဲစေ့

November 11, 2022November 11, 2022

(၁) သွေးအားကောင်းစေတယ်ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပမာဏအလုံအလောက်ရရှိတာကြောင့် သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။ (၂) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်ကသွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။…

Read More
Health DanTaThuKhaPin

ရေစီးကမ်းပြိုအတွက်ဒန္တသုခပင် (သို့)အဆိပ်ဖြေပင်

November 6, 2022November 6, 2022

မန်းလေး တမာ ပြာပြုကာ သွားမှာသိပ်ကာထည့် ရေစီးကမ်းပြို ဒန္တစို ရှင်ပျို သုံးပါကွဲ့ ရေစီးကမ်းပြိုဖြစ်နေတဲ့ မိတ်ဆွေတစ်ဦးမေးထားလို့ တင်ပေးလိုက်ပါတယ်။ ဆေးလေးပင်(သို့)တောဓားပြပင် (သိူ့) ဆေးသကြားပင် (သို့)…

Read More
Health PhaLanTaungMhweOo

ဒူလာရောဂါ၊ ပန်းသေ၊ ပန်းငြိုးနှင့် ခြေသလုံးကြွက်သားများ ကိုက်ခြင်းတို့အတွက် ဖလံတောင်ဝှေးဥအစွမ်း

November 14, 2022November 14, 2022

ဖလံတောင်ဝှေးဥ အစွမ်းအမျိုးသားများအတွက် အထူးဆေးတစ်လက်။ တချို့အမျိုးသားများ ခံစားနေရတဲ့ ဒူလာရောဂါ၊ ခြေသလုံးကြွက်သားများ ကိုက်ခြင်း၊ ပန်းသေ၊ ပန်းငြိုး၊ အိမ်ထောင်ရေးသုခ မပြည့်စုံခြင်းတို့အတွက် အဟာရပုံစံဖြင့် စားသုံးပေးရုံဖြင့် အိမ်ထောင်ရေးသုခပြည့်စုံနိုင်ပါသည်။…

Read More

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Category

  • Health (23)
  • News (3)
  • Sports (9)
©2023 ShalNews | WordPress Theme by SuperbThemes