November 6, 2022November 6, 2022 နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်ခရေစေ့ လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ် အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်..မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး စီထရင်း (သိုမဟုတ်) ဘာမီတွန် သောက်ရင် ပျောက်ပါသည် ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။ တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက်..တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်… အနံဆိုးများတော့ မထွက်သေးပါ။ လွန်ခဲ့တဲ့ ၃ လခန့်က fbပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။ သူ ၁၄ နှစ်တိုင်တိုင် ငွေသိန်းချီကုန်ပြီး အင်္ဂလိပ်ဆေးနဲ့ကုသလို့မပျောက်တဲ့ နှာမွှန်ရောဂါကို ခရေစေ့ကိုသွေးလိမ်း၊ ခရေစေ့ကို မီးဖုတ်၊မီးဖုတ်ထားတဲ့အစေ့ကို ငရုပ်ဆုံမှာ ညက်အောင်ထောင်းပြီး အုန်းဆီစစ်စစ်လေးနဲ့ ငယ်ထိပ်ပေါ် လိမ်းတာ ၃ ရက်နဲ့ ပျောက်တယ်လို့ တင်ထားတာတွေ့တာနဲ့ ခရေသီးမှည့်ချိန် ကြုံတာနဲ့ ခရေသီးအမှည့်ထဲကအစေ့ကို သွေးပြီး ညအိပ်ယာဝင်ချိန် နှာခေါင်းမှာနှာတံဆွဲသလိုလိမ်း နှာဖူးထိပ်(မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ခြောက်တော့အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ)ထူးထူးခြားခြား ကို(၉၀ ရာခိုင်နှုံး)ခန့် သက်သာပျောက်ကင်းနေတာ အံသြဖွယ်တွေ့ရပါတယ်။ အခုစာရေးနေချိန်မှာ ဆေးလိမ်းချိန် ၁ ရက်နဲ့ တမွန်းတက်သာရှိသေးချိန်မှာ ၉၅ ရာခိုင်နှုံးခန့် ပျောက်ကင်းနေပါပြီ။(မီးဖုတ်လို့ ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ) သူငယ်ချင်းမိတ်ဆွေများ နှာမွှန်၊ နှာပိတ်(ထိပ်ကပ်နာ) ဖြစ်ခဲ့လို့ စိတ်ညစ်နေခဲ့ရင် ငွေကုန်ကြေးကျ မရှိတဲ့ ခရေစေ့လေးသာ သွေးလိမ်းကြည့်ကြပါလို့ ကိုယ်ပျောက်ခဲ့တာလေးကို ဝမ်းသာအားရ မျှဝေပါရစေ။ နှာမွှန်ရောဂါကိုပျောက်ကင်းစေချင်တဲ့ စေတနာ တစ်ခုတည်းနှင့်သာ မျှဝေခြင်းဖြစ်ပါသည်။ Credit Health Health
Health ဆီးချိုသမားအတွက်ဆေးနည်း November 11, 2022November 11, 2022 ဆီးချို “ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ”“၄၀၀/၄၇၀ထိတက်တယ်ဗျာ””ဒီလိုလုပ်ဗျာ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား”“ကြားဖူးတယ်..ဆေးဝိဇ္ဇာလို့နံမည်ကြီးတယ်”“ဟုတ်တယ်…သူကျွန်တော်ဦးလေးကိုဆီးချိုကု ပေးတဲ့ဆေးနည်းရှိတယ်။ကျွန်တော်ဦးလေးတကယ်ကို သက်သာ ပျောက်ကင်းခဲ့တယ်” ဆေးနည်း# မာလကာရွက် (၅)ရွက်# ကြက်သွန်ဖြူ (၁)ဥ# ကြက်သွန်နီ(၁) ဥ# သံပုရာ… Read More
Health ရှောက်ရွက်အစွမ်း အံ့မခန်း November 15, 2022November 15, 2022 မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီ တစ်လလုံး လေမဖြတ်တော့ဘူးလို့ ရှေးရိုးစကား ရှိပါတယ်။ ရှောက်ရွက်ကို ကြက်သွန်ဖြူ ၊ ငြုပ်ကောင်းတို့နဲ့ ဟင်းခါးချက်ပြီး အမြဲတမ်း သောက်ပေးရင်လေငန်းရောဂါ ပျောက်ပါတယ်။… Read More
Health သွေးတိုးကျစေသည့်အိမ်တွင်းဆေးနည်းများ November 6, 2022November 6, 2022 ၁။ ရှောက်သီးအခွံပါ ၄စိတ် စိတ်ပြီးမတ်ခွက်တွင် ထည့်ရေနွေးစိမ် ထားပြီးအအေးခံ ၍တစ်နေ ကုန်သောက် ပါ။၂။ ရှောက်သီးအရည် ညှစ်၃ ဇွန်း+ပျားရည်စစ်စစ် ၁ ဇွန်းထမင်းစားပြီးသောက်ပါ။၃။ ရှောက်ရွက်အနု၊… Read More