PhaneNaeSae

(၁) သွေးအားကောင်းစေတယ်
ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပမာဏအလုံအလောက်ရရှိတာကြောင့် သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။

(၂) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်
ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်ကသွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

(၃) ကြွက်သားဖြစ်ပေါ်မှုကို အားပေးတယ်
ပိန္နဲစေ့မှာပါတဲ့ ပရိုတင်းတွေကကြွက်သားဖြစ်ပေါ်မှုမှာအထောက်အကူပေးပါတယ်။

(၄) အသားအရေဝင်းစေတယ်
ဒီတစ်ခါတော့ စားဖို့မဟုတ်ဘူး။ပိန္နဲစေ့တွေကို နွားနို့၊ပျားရည်နဲ့စိမ်နှပ်ထားပေးပါ။ ပြီးရင် အကုန်ရောကြိတ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာ်မှာ လိမ်းပေးပါ။ပြီးရင်ခြောက်တဲ့အထိထားပြီးရေနွေးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။ မျက်နှာလေးဖြူဝင်းလာပါလိမ့်မယ်။

(၅) ဆံပင်သန်စေတယ်
ဗီတာမင်အေကြောင့်ပါပဲ။ ဗီတာမင်အေက ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပိန္နဲစေ့မှာကြွယ်ဝတဲ့ ပရိုတင်းဓါတ်တွေကလည်း ဆံသားကျန်းမာရေးကို အားဖြည့်ပေးနိုင်ပါတယ်။ သံဓါတ်ပါဝင်မှုကြောင့်လည်းဦးရေပြားမှာသွေးလည်ပတ်မှုပိုကောင်းစေပြီး ဆံပင်အတွက် အကျိုးပြုတာကနောက်တစ်ချက်ပါ။

ပိုစိတ်ဝင်စားဖို့ကောင်းတာက ပိန္နဲစေ့က စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိနေတာပါ။ သူ့မှာပါတဲ့ပရိုတင်းနဲ့တခြားအာဟာရဓါတ်တွေရဲ့အာနိသင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းရဲ့အကြောင်းရင်းခံတစ်ခုဖြစ်နေတာကြောင့် ဒီနည်းနဲ့ ဆံပင်ကျွတ်သက်သာစေတာပဲဖြစ်ပါတယ်။

Credit မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *