November 11, 2022November 11, 2022 သဘာဝချောင်းဆိုးပျောက်ဆေးဖြစ်တဲ့ဇီယာရွက်ထူရဲ့ကျန်းမာရေးအကျိုးပြုပုံ ကျန်းမာရေးအတွကသာမက စူးရှတဲ့ရနံ့ကြောင့် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ် အအေးမိတာကြောင့် လည်ချောင်းနာနေ နှာစေးနှာပိတ် ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင် အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှား ပေးနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းတ လျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက် ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာကိုသက်သာပျောက်ကင်းစေခြင်းနှာခေါင်းပိတ်ပါက ဇီယာရွက်ထူပင်အရွက်ကို လက်ထဲပွတ်ချေကာ ရှုပေးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အဖျားသက်သာစေနိုင်တယ်အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ ဇီယာရွက်က ကိုယ်ခံအားကောင်းစေနိုင်သလို ချွေကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်လည်းမြန်စေနိုင်ပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်တယ်ဇီယာရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝငနေတာ ကြောင့် ကင်ဆာဆဲလ်တွေပွားတာကို တားဆီးပေးနိုင် သလို ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကျောက်ကပ် ကျန်းမာစေနိုင်တယ်ဇီယာရွက်က ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးကနေတဆင့် ဖယ်ရှားပေးနိုင်ပါ တယ်။ ကိုယ်တွင်းမျာပိုနေတဲ့ အငန်ဓာတ်တွေ၊ အဆီဓာတ်တွေ၊ ရေဓာတ်တွေကို ဆီးကနေတဆင့် စွန့် ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်စေမှာပါ။ နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု ကိုသက်သာစေနိုင်တယ် အစာအိမ်နာတာနဲ့ အစာခြေစနစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာ ခံစားနေရတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဇီယာရွက်ကို ရေစင်အောင်ဆေးလို့ ရေနွေးထဲစိမ်ပြီး သောက်ပေးပါ။ အဆစ်ရောင်တာကို သက်သာစေနိုင်တယ်Omega-6 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆစ်ရောင်နာဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ဖြစ်လာခဲ့ရင်လည်းအဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ အမြင်အာရုံကောင်းစေတယ်ဗီတာမင် A ကြွယ်ဝစွာပါဝင်နေမှုကြောင့် အမြင်အာရုံကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ မျက်လုံးကြွက်သားတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။ ဗောက်ပျောက်စေခြင်းဗောက်ခဏခဏထတတ်တဲ့သူတွေအတွက်ဆိုရင် ဇီယာရွက်ထူအရွက်ပြုတ်ရည်ဖြင့် မကြာခဏခေါင်းလျှော်ပေးပါက ဗောက်ထခြင်းကိုပျောက်ကင်းသက်သာစေနိုင်ပါတယ်။ အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာကိုသက်သာစေခြင်း အိပ်မပျော်တဲ့သူတွေ၊ခေါင်းမကြာမကြာကိုက်တတ်တဲ့သူတွေ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တတ်လေ့ရှိတဲ့ အမျိုးသမီးတွေဆိုရင် ဇီယာရွက်ထူအရွက်ကိုအခြောက်လှမ်းကာ ရေနွေးထဲ့အရွက်ခြောက်ထည့်ခတ်ပြီး မကြာခဏသောက်ပေးပါက အိပ်မပျော်တာ၊ ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တယ်စိတ်ဖိစီးနေတာ၊ စိတ်ပူပန်မှုတွေများနေရင်လည်း ဇီယာရွက်ကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးနေတာကို သက်သာစေဖို့အတွက် ရေနွေးဆူဆူထဲမှာ ရေစင်အောင်ဆေးထားတဲ့ ဇီယာရွက် ကို စိမ်ပြီး သောက်ပေးလို့ရပါတယ်။ စိတ်ကိုတည်ငြိမ်စေသလို ညတိုင်းလည်း အိပ်ပျော်စေမှာပါ။ အသားအရေကျန်းမာစေနိုင်တယ်အရေပြားပြဿနာအတွက်လည်း ဇီယာရွက် ကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားမျာ ပိုးကောင်ကိုက်ခံရတဲ့အခါ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ခြေလို့ အုံပေးလို့ရပါ တယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းနေတာတွေ၊ ယားယံနေတာတွေရှိမယ်ဆိုရင်လည်း သက်သာစေမှာပါ။ အရေပြားထိခိုက်ရောင်ရမ်းတာတွေဖြစ်ပါက ဇီယာ ရွက်ထူအရွက်ကို ရေစင်အောင်ဆေးကာ ကြေအောင်ထု ထောင်းပြီး ဖြစ်တဲ့အရေပြားနေရာပေါ်ကို ပုံပါ။ ပြီးရင် အဝတ်ထူနဲ့စည်းထားပါ။ Essential oils များစွာပါဝင်တာကြောင့်ခြင်းပြေးနိုင်လို့ သဘာဝခြင်ဆေးအနေနဲ့သုံးနိုင်သည် ဇီယာရွက်ထူပင်ကို နှာစေးချောင်းဆိုးရောဂါ၊ ပန်းနာ ရင်ကျပ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက် ရောဂါ၊နားရောဂါတို့အတွက် တိုင်းရင်းဆေးဖော်စပ်ရာမှာ တခြားဆေးဘက်ဝင်အပင်ပစ္စည်းတွေနဲ့အချိုးကျရောပြီး သုံးလေ့ရှိပါတယ်။ Forskolin ဟာသွေးပေါင်ကိုကျစေတာကြောင့် နှလုံးရောဂါရှိသူ သွေးမတိတ်ရောဂါရှိသူ ခွဲစိတ်ကုသမှုခံယူမယ့်သူများရှောင်ကြဉ်သင့်သည် Eugenol ပမာဏများပါက သန္ဓေသားထိခိုက်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်တွေလည်းမသုံးစွဲသင့်ပါ။ Credit – တိုင်းရင်းဆေး နှင့် ကျန်းမာရေး Health Health
Health သွေးအားကောင်းစေပြီး သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တဲ့ ပိန္နဲစေ့ November 11, 2022November 11, 2022 (၁) သွေးအားကောင်းစေတယ်ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပမာဏအလုံအလောက်ရရှိတာကြောင့် သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။ (၂) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်ကသွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။… Read More
Health ရင်သားကင်ဆာ ဝေဒနာအတွက် သပြေသီး November 6, 2022November 6, 2022 ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့်ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်ခြင်းထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကိုဆားဖြင့်… Read More
Health အသည်းအဆီဖုံးခြင်း နှင့် ဆေးဖက်၀င်အပင်များ November 6, 2022November 6, 2022 ကျန်းမာရေးဗဟုသုတအဖြစ် တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါတယ်ရှင်။ အသည်းအဆီဖုံးခြင်းသည် ဆယ်စုနှစ်အတွင်း အဖြစ်များ သော ရောဂါဖြစ်ဧ။် ။ ယခင်အသည်းရောဂါမှာ အသားဝါ ရိုးရိုးသာဖြစ်ပြီး ( ပထမ) မျက်စိဝါ၊… Read More