November 15, 2022November 15, 2022 ရှောက်ရွက်အစွမ်း အံ့မခန်း မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီ တစ်လလုံး လေမဖြတ်တော့ဘူးလို့ ရှေးရိုးစကား ရှိပါတယ်။ ရှောက်ရွက်ကို ကြက်သွန်ဖြူ ၊ ငြုပ်ကောင်းတို့နဲ့ ဟင်းခါးချက်ပြီး အမြဲတမ်း သောက်ပေးရင်လေငန်းရောဂါ ပျောက်ပါတယ်။ ဒါတင်ပဲလား၊ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အဖြစ်များပြီး၊ အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါ တယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင် ကူညီပေးပါတယ်။ တစ်ပတ်ကို ၃/၄ ကြိမ် စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ရှောက်ရွက်မှာ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုး ပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျှော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင်နှိုးဆွပေးတဲ့အတွက်စိတ်ဖိစီးမှုဒဏ် ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။ ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းလည်း ရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင်ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။ ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက် မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ အဝလွန်၊ အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေး ရင်ချီ၊ ပဒုမ္မနီစလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင် ဖြစ်ချင်ရင်တော့လွယ်ပါတယ်။ ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက်(တချို့က ၉ ရွက်)ကို ထည့်၊သကြာစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊ လုံအောင်ပိတ်ပြီးနေပူပူမှာ ၁၁ ရက်လောက် နေလှန်းလိုက်ပါ။ ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်း ပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လ နှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေး ရသွားပါလိမ့်မယ်။ ဒါ့အပြင် အသည်းအဆီဖုံးတာတွေ၊နှလုံးအဆီပိတ်တာတွေလည်းမဖြစ်တော့ပါဘူး။ အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ် စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာမီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ။ အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။ ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ။ ချမ်းသာ ကိုယ် စိတ် မြဲပါစေဥပဒ် ရန်ဘေး ကင်းစင်ဝေးငြိမ်းအေးကြပါစေ CreditTo_OriginalUploader Health Health
Health ဆားကြမ်းနင်းခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူး(၉)မျိုး November 8, 2022November 8, 2022 ဆားကြမ်းလေးနင်းတာပါပဲ ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆိုတစ်လလောက် အသုံးပြု လို့ရပါတယ်။ နေ့စဉ်အချိန်မှန် ရေချိုး ခါနီး တိုင်းဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။ ညဘက်… Read More
Health လေးဘက်နာပျောက်တဲ့ ဖုန်းမသိမ်ပင် November 1, 2022November 6, 2022 လေးဘက်နာပျောက်တဲ့ ဖုန်းမသိမ်ပင် ပုံပါ ဖုန်းမသိမ်အပင်ရဲ့အရွက်ကို ပြုတ်ပြီး ရေချိုးသလို ချိုးပေးယုံပါဘဲ။ ထိုအရွက်ပြုတ်ရေနဲ့ချိုး လျှင် ဆပ်ပြာ လုံးဝ မ တိုက်ရပါ။ ချိုးနေရင်းနဲ့ မိနစ်အနည်းငယ်… Read More
Health သွေးအားကောင်းစေပြီး သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တဲ့ ပိန္နဲစေ့ November 11, 2022November 11, 2022 (၁) သွေးအားကောင်းစေတယ်ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပမာဏအလုံအလောက်ရရှိတာကြောင့် သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။ (၂) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်ကသွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။… Read More