November 15, 2022 အုန်းမှုတ်ခွက်နင်းခြင်းရဲ့အကျိုးကျေးဇူးများ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်း။ သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့ သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။ ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာ ပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။ အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါ သက်သာပျောက်ကင်းအောင် အုန်းမှုတ် ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။ အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြ ထားကြပါတယ်။ လက်တွေ့ပျောက်ကင်းသူများ လည်း အများအပြားရှိနေပါတယ်။ (၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေး၀ယ်ပါ။(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။ ၅ မိနစ်ခန့်သာ ကြာပါတယ်။(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာ၀င်ပါ။ သတိပြုရန်အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံး၀ မချိုးရပါ။ နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။ အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက ၂ လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းသွားပါမည်။ CREDITဆရာ_မကွေး၀င်းမြင့် Health Health
Health လေးဘက်နာပျောက်တဲ့ ဖုန်းမသိမ်ပင် November 1, 2022November 6, 2022 လေးဘက်နာပျောက်တဲ့ ဖုန်းမသိမ်ပင် ပုံပါ ဖုန်းမသိမ်အပင်ရဲ့အရွက်ကို ပြုတ်ပြီး ရေချိုးသလို ချိုးပေးယုံပါဘဲ။ ထိုအရွက်ပြုတ်ရေနဲ့ချိုး လျှင် ဆပ်ပြာ လုံးဝ မ တိုက်ရပါ။ ချိုးနေရင်းနဲ့ မိနစ်အနည်းငယ်… Read More
Health သွေးတိုး ဆီးချို ကင်ဆာသမားများအတွက် သဘာဝဓာတ်စာဆေးအိုးပုတ် November 15, 2022November 15, 2022 ဆိုးကျိုးမရှိဘူးလို့ မြန်မာဆေးဆရာတွေအာမခံထားတဲ့ ဆေးစွမ်းကောင်းပါ။ ကိုယ်တွင်းအင်္ဂါအားလုံးအတွက်ကောင်းတယ်။ သုံးစွဲနိုင်သောရောဂါများ ၁။ သွေးတိုးရောဂါ၂။ ဆီးချို သွေးချိုရောဂါ၃။ လျှာကင်ဆာ /လည်ပင်းကင်ဆာ/ခံတွင်းကင်ဆာ၄။ ချောင်းဆိုးခြင်း/ချောင်းခြောက်ဆိုးခြင်း ၅။ သွားနာ/သွားကိုက်/သွားပိုးစား၆။ အသံပျက်… Read More
Health သွေးအားကောင်းစေပြီး သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တဲ့ ပိန္နဲစေ့ November 11, 2022November 11, 2022 (၁) သွေးအားကောင်းစေတယ်ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပမာဏအလုံအလောက်ရရှိတာကြောင့် သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။ (၂) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်ကသွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။… Read More