November 27, 2022November 27, 2022 ကျောက်ကပ်ရောဂါရှိသူများအတွက် အကောင်းဆုံးအစားအစာ ၂၀ မျိုး (အပိုင်း-၁) ကျောက်ကပ်ရောဂါသည် ကမ္ဘာ့လူဦးရေ၏ ၁၀% ခန့်အဖြစ်များသော ရောဂါ့ဖြစ်သည်။ပဲတောင့်ပုံသဏ္ဍာန် ရှိသောကျောက်ကပ်များသည် သေးငယ်သော်လည်း လူ့ခန္ဓကိုယ်တွင် အရေးကြီးသော လုပ်ငန်း ဆောင်တာများစွာကို လုပ်ဆောင်ပေးသော အင်္ဂါဖြစ်သည်။ ၎င်းတို့သည် စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးသော ဟော်မုန်းများထုတ်လွှတ်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ အရည်များကို ဟန်ချက်ညီစေခြင်း၊ ဆီးထုတ်ခြင်း နှင့် အခြားမရှိမဖြစ်လိုအပ်သော အလုပ်များတို့အတွက် တာဝန်ရှိပါသည်။ ဤအရေးကြီးသော ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားစေရန် နည်းလမ်းအမျိုးမျိုးရှိသည်။ဆီးချိုရောဂါနှင့် သွေးတိုးရောဂါသည် ကျောက်ကပ်ရောဂါ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်သည်။ သို့သော်လည်း အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးဗီဇ၊ ကျား၊ မနှင့် အသက်အရွယ်တို့ကြောင့်လည်း ဖြစ်နိုင်ချေတိုးလာနိုင်သည်။ထိန်းချုပ်နိုင်မှဒမရှိသော သွေးတွင်းသကြားဓာတ်နှင့် သွေးတိုးရောဂါသည် ကျောက်ကပ်အတွင်းရှိ သွေးကြောများကို ထိခိုက်ပျက်စီးစေပြီး၊ ကျောက်ကပ်၏လုပ်ငန်း လုပ်ဆောင်မှု လျော့ကျစေပါသည်။ကျောက်ကပ်ရောဂါရှိသူများသည် အစားစာရာတွင် အထူးသတိပြု စားသောက်ရန် လိုအပ်ပါသည်။ကျောက်ကပ်ရောဂါရှိသူတိုင်းသည် မတူညီသောကြောင့် သင့်တစ်ဦးချင်းစီ၏ အစားအသောက်လိုအပ်ချက်များအကြောင်း သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးရန် အရေးကြီးပါသည်။ကျောက်ကပ်ရောဂါရှိသူများအတွက် phosphorus၊ potassium နှင့် sodium နည်းပါး သောအရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစွာ ရှိပါသည်။ကျောက်ကပ်ရောဂါရှိသူများအတွက် အကောင်းဆုံးအစားအစာ ၂၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။ Cauliflower (ပန်းဂေါ်ဖီ) ၁။ Cauliflower (ပန်းဂေါ်ဖီ) ပန်းဂေါ်ဖီသည် ဗီတာမင် C၊ ဗီတာမင် K နှင့် ဗီတာမင် B ဖောလိတ်တို့ အပါအဝင် အာဟာရများစွာ၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည်။၎င်းသည် အင်ဒိုးစ်ကဲ့သို့ ရောင်ရမ်းမှု ဆန့်ကျင်သည့် ဒြပ်ပေါင်းများ ပါဝင်ပြီး အမျှင်ဓာတ်၏ အကောင်းဆုံး အရင်းအမြစ် ဖြစ်သည်။ထို့အပြင် ပိုတက်စီယမ် လျှော့စားခြင်သော အရံဟင်းအတွက် အာလူးအစား ပန်းဂေါ်ဖီထောင်းကို အသုံးပြုနိုင်သည်။ချက်ပြုတ်ထားသော ပန်းဂေါ်ဖီ တစ်ခွက် (၁၂၄ ဂရမ်) တွင် အောက်ပါဓာတ်များ ပါရှိသည်။ဆိုဒီယမ် – ၁၉ မီလီဂရမ်ပိုတက်စီယမ် – ၁၇၆ မီလီဂရမ်ဖော့စဖရပ် – ၄၀ မီလီဂရမ် Blueberries (ဘလူးဘယ်ရီသီး) ၂။ Blueberries (ဘလူးဘယ်ရီသီး) ဘလူးဘယ်ရီသီးတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါရှိပြီး သင်စားရန် အကောင်းဆုံး antioxidants အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။အဆိုပါချိုမြိန်သောဘယ်ရီသီးများတွင် anthocyanins ဟုခေါ်သော antioxidants များပါ ၀င်ပြီးနှလုံးရောဂါ၊ အချို့သောကင်ဆာရောဂါများ၊ မှတ်ဉာဏ်ကျဆင်းမှုနှင့်ဆီးချိုရောဂါ တို့ကိုကာကွယ်ပေးနိုင်သည်။ဆိုဒီယမ်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ်တို့ နည်းပါးသောကြောင့် ၎င်းတို့သည် ကျောက်ကပ်ကျန်းမာရေးနှင့် လိုက်ဖက်သော အံ့သြဖွယ်အစားအစာဖြစ်သည်။လတ်ဆတ်သော ဘလူးဘယ်ရီသီး ဖျော်ရည်တစ်ခွက် (၁၄၈ ဂရမ်) တွင် အောက်ပါဓာတ်များ ပါရှိသည်။ဆိုဒီယမ် – ၁.၅ မီလီဂရမ်ပိုတက်စီယမ် – ၁၁၄ မီလီဂရမ်ဖော့စဖရပ် – ၁၈ မီလီဂရမ် Sea bass (ကကတစ်ငါး) ၃။ Sea bass (ကကတစ်ငါး) ပင်လယ်ဘေ့စ်သည် အိုမီဂါ-၃အက်(စ်) ဟုခေါ်သော ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးမြင့် ပရိုတင်း အဆီတစ်မျိုး ပါဝင်သည်။အိုမီဂါ-၃အက်(စ်) သည် ရောင်ရမ်းမှုကို လျှော့ချရာတွင် ကူညီပေးပြီး မှတ်ဥာဏ်ကျဆင်းခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။ငါးအားလုံးတွင် phosphorus မြင့်မားစွာပါဝင်သော်လည်း ပင်လယ်ဘေ့တွင် အခြားပင်လယ်စာများထက် ပမာဏနည်းပါးသည်။မည်သို့ပင်ဖြစ်စေ သင်၏ကိုယ်ထဲတွင် phosphorus အနဲငယ်ပမာဏကို ထိန်းထားရန် အနဲငယ်သောပမာနကို စားသုံးရန် အရေးကြီးပါသည်။ချက်ပြုတ်ထားသော ပင်လယ်ဘေ့သုံးအောင်စ (၈၅ ဂရမ်) တွင် အောက်ပါဓာတ်များ ပါရှိသည်။ဆိုဒီယမ် – ၇၄ မီလီဂရမ်ပိုတက်စီယမ် – ၂၇၉ မီလီဂရမ်ဖော့စဖရပ် – ၂၁၁ မီလီဂရမ် Red grapes (အနီရောင် စပျစ်သီး) ၄။ Red grapes (အနီရောင် စပျစ်သီး)အနီရောင်စပျစ်သီးသည် အရသာရှိရုံသာမက သေးငယ်စားရုံဖြင့် အာဟာရများစွာကို ပေးစွမ်းသည်။၎င်းတို့တွင် ဗီတာမင် C မြင့်မားပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည့် flavonoids ဟုခေါ်သော antioxidants ပစ္စည်းများ ပါဝင်သည်။ထို့အပြင်၊ စပျစ်သီးနီတွင် နှလုံးကျန်းမာရေးကို အကျိုးပြုပြီး ဆီးချိုရောဂါနှင့် မှတ်ဥာဏ်ကျဆင်းမှုတို့ကို ကာကွယ်ပေးသည့် flavonoids အမျိုးအစားဖြစ်သည့် resveratrol မြင့်မားစွာပါဝင်သည်။ဤချိုမြိန်သော အနီရောင်စပျစ်သီးများသည် ကျောက်ကပ်ကိုများစွာ အထောက်အကူပြုပြီး ဖျော်ရည်တစ်ခွက် (၇၅ ဂရမ်) တွင် အောက်ပါဓာတ်များ ပါရှိသည်။ဆိုဒီယမ် – ၁.၅ မီလီဂရမ်ပိုတက်စီယမ် – ၁၄၄ မီလီဂရမ်ဖော့စဖရပ် – ၁၅ မီလီဂရမ် Credit to: HealthLine Health HealthKidney
Health သွေးတိုးကျစေသည့်အိမ်တွင်းဆေးနည်းများ November 6, 2022November 6, 2022 ၁။ ရှောက်သီးအခွံပါ ၄စိတ် စိတ်ပြီးမတ်ခွက်တွင် ထည့်ရေနွေးစိမ် ထားပြီးအအေးခံ ၍တစ်နေ ကုန်သောက် ပါ။၂။ ရှောက်သီးအရည် ညှစ်၃ ဇွန်း+ပျားရည်စစ်စစ် ၁ ဇွန်းထမင်းစားပြီးသောက်ပါ။၃။ ရှောက်ရွက်အနု၊… Read More
Health သဘာဝချောင်းဆိုးပျောက်ဆေးဖြစ်တဲ့ဇီယာရွက်ထူရဲ့ကျန်းမာရေးအကျိုးပြုပုံ November 11, 2022November 11, 2022 ကျန်းမာရေးအတွကသာမက စူးရှတဲ့ရနံ့ကြောင့် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ် အအေးမိတာကြောင့် လည်ချောင်းနာနေ နှာစေးနှာပိတ် ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင် အောင်ဆေးပြီး ဝါးစားပေးပါ။… Read More
Health သွေးတိုး ဆီးချို ကင်ဆာသမားများအတွက် သဘာဝဓာတ်စာဆေးအိုးပုတ် November 15, 2022November 15, 2022 ဆိုးကျိုးမရှိဘူးလို့ မြန်မာဆေးဆရာတွေအာမခံထားတဲ့ ဆေးစွမ်းကောင်းပါ။ ကိုယ်တွင်းအင်္ဂါအားလုံးအတွက်ကောင်းတယ်။ သုံးစွဲနိုင်သောရောဂါများ ၁။ သွေးတိုးရောဂါ၂။ ဆီးချို သွေးချိုရောဂါ၃။ လျှာကင်ဆာ /လည်ပင်းကင်ဆာ/ခံတွင်းကင်ဆာ၄။ ချောင်းဆိုးခြင်း/ချောင်းခြောက်ဆိုးခြင်း ၅။ သွားနာ/သွားကိုက်/သွားပိုးစား၆။ အသံပျက်… Read More